ရက် ၁၀၀ စိန်ခေါ်မှု နောက်ကွယ်မှ တံလျှပ်များ
၂၀၂၅-၂၀၂၆ ဟန်ပြရွေးကောက်ပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတအဖြစ်ခံယူကာ ရက် ၁၀၀ အတွင်း တိုင်းပြည်တိုးတက်စေရန် ကြေညာခဲ့သော်လည်း တိုးတက်မှုမရှိဘဲ စနစ်တစ်ခုလုံး ဆက်လက်ယိုယွင်းနေဆဲဖြစ်သည်။ ဤစာတမ်းသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ အချက်အလက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခ၊ စီးပွားရေးဆုတ်ယုတ်မှု၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ် ပြိုလဲမှုစသည့် အကျပ်အတည်းများကို ဘက်ပေါင်းစုံမှ လေ့လာဆန်းစစ်တင်ပြထားပါသည်။
Beyond the 100-Day Mirage
Following managed elections, Senior General Min Aung Hlaing appointed himself President of Myanmar, establishing a 100-day window to prove effective governance. As this deadline expires, empirical data confirms zero substantive recovery. Instead, Myanmar remains trapped in multi-systemic failure, characterised by intense armed conflict, economic contraction, illicit trade, public health collapse, and severe erosion of human capital.