ကုလသမဂ္ဂတွင် မင်းအောင်လှိုင်၏ ကိုယ်စားလှယ်အား နေရာပေးနိုင်ခြေ ရှိ-မရှိ သုံးသပ်ခြင်း

မင်းအောင်လှိုင်သည် သူဦးဆောင်နေသည့် စစ်အုပ်စုကို အမည်ခံ အရပ်သားအစိုးရ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ မိမိကိုယ် မိမိ သမ္မတအဖြစ် တင်မြှောက်ခဲ့သည်။ ထို့နောက် ကုလသမဂ္ဂတွင် ၎င်းတို့၏ ကိုယ်စားလှယ်ကို ခန့်အပ်နိုင်ရန် သံတမန်ရေးအရ ထိုးစစ်ဆင်လျက်ရှိသည်။ သို့သော်လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့၏ နေရာကို စစ်အုပ်စု၏ ကိုယ်စားလှယ်အဖွဲ့က မရနိုင်ဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သော လက်ရှိ ကိုယ်စားလှယ်အဖွဲ့ကသာ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အခွင့်အလမ်း သာလွန်နေသည်။ ဤအရေးကိစ္စနှင့် ပတ်သက်၍ ကော်မတီဝင် နိုင်ငံအချို့အပေါ်တွင် တရုတ်နှင့် ရုရှားတို့၏ ဩဇာသက်ရောက်နိုင်ခြေ ရှိသည်ဟု ယူဆသူများလည်း ရှိနေသည်။ သို့သော်လည်း ကုလသမဂ္ဂ "နည်းဥပဒေ ၂၉" ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ အကာအကွယ်ပေးမှုများနှင့် ကော်မတီဝင် အင်အားကြီး သုံးနိုင်ငံ၏ လက်တွေ့နိုင်ငံရေးနှင့် သံတမန်ရေး ဂုဏ်သိက္ခာအကြား ချိန်ခွင်လျှာ ညှိနိုင်ခြေ ရှိနေမှုကြောင့် လက်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့ဖက်တွင် အားသာချက်များ ရှိနေသည်။

Read in English

Read More

စွမ်းအင်မှီခိုမှုနှင့် နယ်စပ်ပြဿနာများကြားက ထိုင်းနိုင်ငံ၏ မဟာဗျူဟာအကျပ်အတည်း

စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများထံ စီးဝင်နေသည့် နယ်စပ်ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် မြန်မာစစ်တပ်က ဘန်ကောက်အပေါ် ဖိအားများ တိုးမြှင့်လာသည်နှင့်အမျှ ထိုင်းနိုင်ငံသည် အန္တရာယ်ကြီးမားသော မဟာဗျူဟာမြောက် အကျပ်အတည်းတခုနှင့် ရင်ဆိုင်နေရသည်။ မရှိမဖြစ်လိုအပ်သော ကမ်းလွန်သဘာဝဓာတ်ငွေ့ ရယူသုံးစွဲမှု၊ ထိုင်ဘတ်ငွေ ဘီလီယံနှင့်ချီသော နယ်စပ်ကုန်သွယ်ရေးတို့နှင့်အတူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကို ချိန်ညှိကိုင်တွယ်ရာတွင် ထိုင်းအစိုးရအနေဖြင့် စစ်ကောင်စီ၏ တောင်းဆိုချက်များနှင့် နယ်မြေစိုးမိုးထားသော အစိုးရမဟုတ်သည့် နယ်စပ်အင်အားစုများ၏ မြေပြင်ပကတိအခြေအနေကြား သတိကြီးစွာ လျှောက်လှမ်းရမည် ဖြစ်သည်။

Read in English

Read More

ရက် ၁၀၀ စိန်ခေါ်မှု နောက်ကွယ်မှ တံလျှပ်များ

၂၀၂၅-၂၀၂၆ ဟန်ပြရွေးကောက်ပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတအဖြစ်ခံယူကာ ရက် ၁၀၀ အတွင်း တိုင်းပြည်တိုးတက်စေရန် ကြေညာခဲ့သော်လည်း တိုးတက်မှုမရှိဘဲ စနစ်တစ်ခုလုံး ဆက်လက်ယိုယွင်းနေဆဲဖြစ်သည်။ ဤစာတမ်းသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ အချက်အလက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခ၊ စီးပွားရေးဆုတ်ယုတ်မှု၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ် ပြိုလဲမှုစသည့် အကျပ်အတည်းများကို ဘက်ပေါင်းစုံမှ လေ့လာဆန်းစစ်တင်ပြထားပါသည်။

Read in English

Read More

ICRC ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု

၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) သည် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့ပါသည်။ ဤအစီရင်ခံစာသည် အဆိုပါဖြစ်စဉ်၊ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်း၏ တုံ့ပြန်ချက်များနှင့် အဆက်ဆက်သော စစ်အစိုးရများ၏ ICRC နှင့် ဆက်ဆံရေး သမိုင်းစဉ်များကို ဆန်းစစ်ထားပြီး တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာမိသားစုအတွက် မဟာဗျူဟာမြောက် မူဝါဒအကြံပြုချက်များကို တင်ပြထားပါသည်။

Read in English

Read More