ရွေးချယ်ခံ ဆောင်းပါး
မင်းအောင်လှိုင်၏ မကြာသေးမီက နိုင်ငံခြားခရီးစဉ်များသည် စစ်အုပ်စုကို နိုင်ငံတကာက ပြန်လည်လက်ခံလာပြီလားဆိုသည့် စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း စစ်မှန်သော သံတမန်ရေးရာ အောင်မြင်မှုကို လက်တွေ့ကျသော ရလဒ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် နွေဦးတော်လှန်ရေး ဒီမိုကရေစီအင်အားစုများ၏ ခိုင်မာသော နိုင်ငံတကာ ကိုယ်စားပြုမှုတို့ဖြင့်သာ တိုင်းတာသင့်သည်ဟု ဆောင်းပါးရှင်က ထောက်ပြထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များနှင့် နိုင်ငံတကာ၏ ထိတွေ့ဆက်ဆံမှု အပြောင်းအလဲများကြောင့် စစ်အုပ်စု သံတမန်ရေးအရ အသက်ရှူချောင်သွားမည်ကို စိုးရိမ်မှုများ ရှိနေပါသည်။ သို့သော် ဟန်ပြသံတမန်ရေးရာများသည် တိုင်းပြည်တွင်း အလုံးစုံပြိုလဲနေမှုကို မဖုံးကွယ်နိုင်ပေ။ စစ်ရှုံးနေခြင်း၊ စီးပွားရေးပျက်ကပ်ဆိုက်ခြင်းနှင့် ပြည်သူ့ဆန့်ကျင်မှုများကြောင့် စစ်အုပ်စု၏ အရပ်သားအစိုးရ အယောင်ဆောင်မှုနှင့် ပြည်ပခရီးစဉ်များသည် ၎င်းတို့၏ တရားဝင်မှုကို သက်သေပြနေခြင်းမဟုတ်ဘဲ အကျပ်အတည်းဆိုက်နေမှုကိုသာ ဖော်ပြနေပါသည်။
ရွေးကောက်ပွဲနီးချိန် မလေးရှားက စစ်ကောင်စီနှင့် ရိုဟင်ဂျာ ၂ သိန်းခန့် ပြန်ပို့ရေး တိုက်ရိုက်ဆွေးနွေးမှုသည် လူသားချင်းစာနာမှုရပ်တည်ချက်မှ သွေဖည်သွားခြင်းဖြစ်သည်။ မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းက စစ်အုပ်စုကို တရားဝင်မှုပေးရာရောက်ပြီး အာဆီယံဘုံသဘောတူညီချက်ကို ပျက်ပြားစေသည်။ အန္တရာယ်ရှိသည့် စစ်နယ်မြေတွင်းသို့ နေရပ်ပြန်ပို့ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်ပြန်မပို့ရေးဥပဒေ (non-refoulement) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ မလေးရှား၏ နိုင်ငံတကာဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါသည်။