သခင်အသစ်ထံ ခိုလှုံခြင်း

စစ်တပ်ထိန်းချုပ်သော အရပ်သားအစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် နေပြည်တော်သည် ရုရှားထံမှ စွမ်းအင်နှင့် သံတမန်ရေး ထောက်တိုင်များ ရယူရန် ကြိုးပမ်းလာသည်။ ၁၀၂၇ စစ်ဆင်ရေးအပြီး တရုတ်နိုင်ငံအပေါ် မယုံသင်္ကာဖြစ်မှုကြောင့် ရုရှားအား အစားထိုးပြီး အင်အားချိန်ခွင်လျှာညှိရန် ရည်ရွယ်သော်လည်း၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် အစုရှယ်ယာအများစု ပေးအပ်ရမည့် အခြေအနေသည် စစ်အုပ်စု၏ ကာလတို ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အန္တရာယ်တွင်းသို့ တွန်းပို့နေသည်။

Read in English

Read More

တရားဝင်မှု၏ မာယာ

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော စစ်အုပ်စုသည် သံတမန်ရေးအရ အထီးကျန်သွားပြီဟု အများက ယူဆခဲ့ကြသည်။ သို့သော်လည်း မင်းအောင်လှိုင်သည် ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့တွင် ကြိုဆိုဧည့်ခံမှုများ ရရှိခဲ့ခြင်း၊ SCO၊ BIMSTEC နှင့် Eurasian Charter ဆွေးနွေးပွဲများတွင် ပါဝင်လာခြင်းတို့ဖြင့် သံတမန်ရေး ခြေလှမ်းသစ်များလှမ်းနိုင်ခဲ့သည်။ ဤအကြောင်းများကြောင့် ကုလသမဂ္ဂရှိ မြန်မာကိုယ်စားလှယ်နေရာကို ပြန်လည်ရရှိရန် မင်းအောင်လှိုင်က မျှော်လင့်နေသော်လည်း၊ ကုလသမဂ္ဂ သံတမန် ခန့်အပ်ရေး ကော်မတီ၏ သမိုင်းဝင် စံနမူနာများ၊ အာဆီယံ၏ ကွဲပြားသော ရပ်တည်ချက်နှင့် အင်အားကြီးနိုင်ငံများ၏ လက်တွေ့နိုင်ငံရေး အခြေအနေများအရ စစ်ကောင်စီ၏ သံတမန်ရေး ကစားကွက်များသည် ကုလသမဂ္ဂတွင် အောင်မြင်နိုင်မည် မဟုတ်ကြောင်း ဤဆောင်းပါးတွင် သုံးသပ်ထားပါသည်။

Read in English

Read More

နေပြည်တော်၌ ချောင်ပိတ်မိနေသည့် မင်းအောင်လှိုင်

မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး ငါးနှစ်အကြာ၌ ဟန်ပြရွေးကောက်ပွဲများ ကျင်းပ၍ သမ္မတအဖြစ် ပြောင်းလဲကာ တရားဝင်မှု ရရှိရန် ကြိုးပမ်းခဲ့သော်လည်း၊ အာဆီယံ၏ ပြတ်သားသော သံတမန်ရေးရာ ပိတ်ဆို့မှုကြောင့် ကျရှုံးခဲ့ရသည်။ အာဆီယံ၏ အထူးသံတမန်ကို ငြင်းပယ်ပြီး ရန်လိုသော ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းသည် အင်အားရှိကြောင်း ပြသခြင်းမဟုတ်ဘဲ စစ်ကောင်စီ၏ အကျပ်ရိုက်မှုနှင့် သံတမန်ရေးအရ အထီးကျန်ဖြစ်လာမှုကိုသာ မီးမောင်းထိုးပြနေပါသည်။

Read in English

Read More

သူခိုးကို ဘဏ္ဍာစိုးခန့်ခြင်း

ဆိုက်ဘာငွေလိမ်လည်မှုစခန်းများကို အမြစ်ပြတ်ချေမှုန်းရန် မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်အစိုးရ၏ ကြံစည်မှုသည် အန္တရာယ်ရှိသော သမိုင်းအမှားတခုကို ထပ်မံကျူးလွန်ခြင်း ဖြစ်သည်။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များက ဝါရှင်တန်သည် ဘိန်းထုတ်လုပ်မှု တိုက်ဖျက်ရေးအတွက် စစ်အစိုးရနှင့် လက်တွဲခဲ့သော်လည်း၊ စစ်တပ်က ငွေကြေးသန်းပေါင်းများစွာကို ကိုယ်ကျိုးအတွက် အသုံးချကာ နိုင်ငံရေးအတိုက်အခံများကို နှိမ်နင်းခဲ့သည့် အပြင်၊ မူးယစ်ဆေးဝါးလုပ်ငန်းများ ကို ဆက်လက်ထွန်းကားစေပြီး ဘိန်းဘုရင်များကို တရားဝင်မှုပေးခဲ့သည်။ စစ်အုပ်စုသည် ယနေ့ခေတ်တွင်လည်း ငွေလိမ်လည်မှုလုပ်ငန်းများမှ ရရှိသော ဝင်ငွေအပေါ် များစွာမှီခိုနေရသည်။ ၎င်းတို့နှင့် ပူးပေါင်းခြင်းသည် ရာဇဝတ်ကောင်များအား သူတို့နှင့် မထိုက်တန်သော နိုင်ငံတကာတရားဝင်မှုကို ပေးအပ်လိုက်ခြင်း ဖြစ်ပြီး၊ အမေရိကန်အခွန်ထမ်း ပြည်သူများ၏ ဥစ္စာဓနကို ခိုးယူနေသည့် သူခိုး၏ လက်သို့ ဒါးရိုးကမ်းရာ ရောက်နေပါသည်။

Read in English

Read More