ကပ္ပလီကမ်းရိုးတန်းမှ အားပြိုင်မှု
ကမ္ဘာ့ဇာတ်ခုံတွင် မဟာမိတ်အဖြစ် ရပ်တည်ပြနေကြသော်လည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ရုရှား၏ ခြေကုပ်ယူရန် ကြိုးပမ်းမှုသည် တရုတ်နှင့် ရုရှား အကြား မဟာဗျူဟာမြောက် အားပြိုင်မှုကို ပေါ်ပေါက်စေသည်။ တရုတ်၏ လွှမ်းမိုးမှုကို ဟန်ချက်ညှိရန် နေပြည်တော်ရှိ စစ်အုပ်စုက ရုရှားကို အားကိုးလာသော်လည်း၊ တရုတ်နိုင်ငံက ကုန်သွယ်ရေးဖိအားပေးမှု၊ စီးပွားရေးအရ တိတ်တဆိတ် ထိန်းချုပ်မှုများနှင့် အရင်းအနှီးအသာစီးရယူမှုများဖြင့် မော်စကို၏ ရေကြောင်းစင်္ကြံချဲ့ထွင်မှုကို တန်ပြန်ဟန့်တားနိုင်ခြေရှိသည်။
ကုလသမဂ္ဂတွင် မင်းအောင်လှိုင်၏ ကိုယ်စားလှယ်အား နေရာပေးနိုင်ခြေ ရှိ-မရှိ သုံးသပ်ခြင်း
မင်းအောင်လှိုင်သည် သူဦးဆောင်နေသည့် စစ်အုပ်စုကို အမည်ခံ အရပ်သားအစိုးရ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ မိမိကိုယ် မိမိ သမ္မတအဖြစ် တင်မြှောက်ခဲ့သည်။ ထို့နောက် ကုလသမဂ္ဂတွင် ၎င်းတို့၏ ကိုယ်စားလှယ်ကို ခန့်အပ်နိုင်ရန် သံတမန်ရေးအရ ထိုးစစ်ဆင်လျက်ရှိသည်။ သို့သော်လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့၏ နေရာကို စစ်အုပ်စု၏ ကိုယ်စားလှယ်အဖွဲ့က မရနိုင်ဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သော လက်ရှိ ကိုယ်စားလှယ်အဖွဲ့ကသာ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အခွင့်အလမ်း သာလွန်နေသည်။ ဤအရေးကိစ္စနှင့် ပတ်သက်၍ ကော်မတီဝင် နိုင်ငံအချို့အပေါ်တွင် တရုတ်နှင့် ရုရှားတို့၏ ဩဇာသက်ရောက်နိုင်ခြေ ရှိသည်ဟု ယူဆသူများလည်း ရှိနေသည်။ သို့သော်လည်း ကုလသမဂ္ဂ "နည်းဥပဒေ ၂၉" ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ အကာအကွယ်ပေးမှုများနှင့် ကော်မတီဝင် အင်အားကြီး သုံးနိုင်ငံ၏ လက်တွေ့နိုင်ငံရေးနှင့် သံတမန်ရေး ဂုဏ်သိက္ခာအကြား ချိန်ခွင်လျှာ ညှိနိုင်ခြေ ရှိနေမှုကြောင့် လက်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့ဖက်တွင် အားသာချက်များ ရှိနေသည်။
သခင်အသစ်ထံ ခိုလှုံခြင်း
စစ်တပ်ထိန်းချုပ်သော အရပ်သားအစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် နေပြည်တော်သည် ရုရှားထံမှ စွမ်းအင်နှင့် သံတမန်ရေး ထောက်တိုင်များ ရယူရန် ကြိုးပမ်းလာသည်။ ၁၀၂၇ စစ်ဆင်ရေးအပြီး တရုတ်နိုင်ငံအပေါ် မယုံသင်္ကာဖြစ်မှုကြောင့် ရုရှားအား အစားထိုးပြီး အင်အားချိန်ခွင်လျှာညှိရန် ရည်ရွယ်သော်လည်း၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် အစုရှယ်ယာအများစု ပေးအပ်ရမည့် အခြေအနေသည် စစ်အုပ်စု၏ ကာလတို ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အန္တရာယ်တွင်းသို့ တွန်းပို့နေသည်။
မြန်မာ့အရေးနှင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ကစားကွက်များ
ဤဆောင်းပါးတွင် တရုတ်-မြန်မာဆက်ဆံရေး၏ သမိုင်းဝင်မဟာဗျူဟာမြောက် လှုပ်ရှားဆောင်ရွက်မှုများ၊ ၂၀၂၁ စစ်အာဏာသိမ်းမှု အပြီး စစ်ကောင်စီအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ချဉ်းကပ်မှုနှင့် တရုတ်နိုင်ငံအနေဖြင့် နွေဦးတော်လှန်ရေးကို ရေရှည်ထောက်ခံအားပေးပါက ရရှိလာနိုင်သည့် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို နိုင်ငံတကာဆက်ဆံရေး သီအိုရီများ၏ ရှုထောင့်မှ သုံးသပ်တင်ပြထားသည်။
နိုင်ငံရေးဆိုင်ရာ ဒြပ်ဆွဲအား - ဝင်ရိုးစုံကမ္ဘာတွင် နိုင်ငံရေးစနစ်ကို ရှာဖွေခြင်း
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပေါ်ထွန်းခဲ့သည့် နိုင်ငံတကာစည်းမျဉ်းစနစ်သည် နိုင်ငံရေးစနစ်အမျိုးမျိုးနှင့် အမျိုးသားအကျိုးစီးပွားများကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအမြောက်အမြား ပေါ်ထွက်လာသည့် (multipolar) ကမ္ဘာဆီသို့ ကူးပြောင်းနေပြီဖြစ်သည်။
ဆောင်းပါးရှင် Edward Johns ကမူ ဤဖြစ်ရပ်သည် စနစ်တခုလုံး ပြိုလဲပျက်စီးခြင်းမျိုး မဟုတ်ဘဲ၊ ပြိုင်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဒွန်တွဲနေသည့် အကူးအပြောင်းကာလ တခုသာ ဖြစ်သည်ဟု ဆိုသည်။
ဤအကူးအပြောင်းကို ထိန်းကျောင်းနိုင်ရန်အတွက် Johns က "နိုင်ငံရေးဆွဲအား" (political gravity) ဟူသော အယူအဆကို မိတ်ဆက်ခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဘုံတာဝန်ယူမှုတို့ကို ဟန်ချက်ညီစေသကဲ့သို့၊ အင်အားပြိုင်ဆိုင်မှုများမှတဆင့် ပဋိပက္ခများ မဖြစ်ပွားစေရန် တားဆီးပေးသည့် ဘုံစံနှုန်းများ၊ အဖွဲ့အစည်းများနှင့် အပြန်အလှန်ထိန်းကျောင်းမှုများ လိုအပ်သည်ဟု ဆိုသည်။
ကမ္ဘာ့တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ဗဟိုချုပ်ကိုင်မှုနှင့် မတူကွဲပြားမှုတို့အကြား မျှခြေတခု လိုအပ်သည်။ ထို့ကြောင့် ၂၁ ရာစု၏ စိန်ခေါ်မှု အမှန်မှာ အင်အားကြီးနိုင်ငံ အမြောက်အမြားရှိနေသည့် ဤကမ္ဘာ့အခင်းအကျင်းကို တာဝန်ယူမှုရှိရှိ ထိန်းကျောင်းနိုင်မည့် "နိုင်ငံရေးဆွဲအား" တရပ်ကို စုပေါင်းတည်ဆောက်ရန်ပင် ဖြစ်သည်ဟု ဆောင်းပါးရှင်က တင်ပြထားသည်။
စစ်ဗိုလ်ချုပ်များကို ပံ့ပိုးခြင်း - မြန်မာ့အိမ်နီးချင်းနိုင်ငံများက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မည်သို့ ကူညီနေသနည်း
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်အုပ်စု ရှင်သန်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြည်သူလူထုက ၎င်းတို့အား တရားဝင်မှု ပေးခြင်းကြောင့် မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများက စီးပွားရေးအရ အသက်ဆက်ပေးမှုနှင့် နိုင်ငံရေးအရ လိုက်လျောမှုများကြောင့်သာ ဖြစ်သည်။ မီးရှို့ခံရသော ရွာတိုင်း၊ ဗုံးကြဲခံရသော ကျောင်းတိုင်းနှင့် သတ်ဖြတ်ခံရသော အရပ်သားတိုင်းသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု ရလဒ်များသာ မဟုတ်၊ စစ်အုပ်စုနှင့် ဆက်လက်၍ စီးပွားရေး ဆောင်ရွက်နေကြသည့် အစိုးရများနှင့် ကုမ္ပဏီများ၏ ပံ့ပိုးမှုကြောင့်လည်း ပါဝင်သည်။