ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနှင့် မလေးရှား၏ စံလွဲ သံတမန်ရေးရာ ခြေလှမ်း

ရွေးကောက်ပွဲနီးချိန် မလေးရှားက စစ်ကောင်စီနှင့် ရိုဟင်ဂျာ ၂ သိန်းခန့် ပြန်ပို့ရေး တိုက်ရိုက်ဆွေးနွေးမှုသည် လူသားချင်းစာနာမှုရပ်တည်ချက်မှ သွေဖည်သွားခြင်းဖြစ်သည်။ မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းက စစ်အုပ်စုကို တရားဝင်မှုပေးရာရောက်ပြီး အာဆီယံဘုံသဘောတူညီချက်ကို ပျက်ပြားစေသည်။ အန္တရာယ်ရှိသည့် စစ်နယ်မြေတွင်းသို့ နေရပ်ပြန်ပို့ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်ပြန်မပို့ရေးဥပဒေ (non-refoulement) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ မလေးရှား၏ နိုင်ငံတကာဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါသည်။

Read in English

Read More

တရားဝင်မှု၏ မာယာ

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော စစ်အုပ်စုသည် သံတမန်ရေးအရ အထီးကျန်သွားပြီဟု အများက ယူဆခဲ့ကြသည်။ သို့သော်လည်း မင်းအောင်လှိုင်သည် ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့တွင် ကြိုဆိုဧည့်ခံမှုများ ရရှိခဲ့ခြင်း၊ SCO၊ BIMSTEC နှင့် Eurasian Charter ဆွေးနွေးပွဲများတွင် ပါဝင်လာခြင်းတို့ဖြင့် သံတမန်ရေး ခြေလှမ်းသစ်များလှမ်းနိုင်ခဲ့သည်။ ဤအကြောင်းများကြောင့် ကုလသမဂ္ဂရှိ မြန်မာကိုယ်စားလှယ်နေရာကို ပြန်လည်ရရှိရန် မင်းအောင်လှိုင်က မျှော်လင့်နေသော်လည်း၊ ကုလသမဂ္ဂ သံတမန် ခန့်အပ်ရေး ကော်မတီ၏ သမိုင်းဝင် စံနမူနာများ၊ အာဆီယံ၏ ကွဲပြားသော ရပ်တည်ချက်နှင့် အင်အားကြီးနိုင်ငံများ၏ လက်တွေ့နိုင်ငံရေး အခြေအနေများအရ စစ်ကောင်စီ၏ သံတမန်ရေး ကစားကွက်များသည် ကုလသမဂ္ဂတွင် အောင်မြင်နိုင်မည် မဟုတ်ကြောင်း ဤဆောင်းပါးတွင် သုံးသပ်ထားပါသည်။

Read in English

Read More

နေပြည်တော်၌ ချောင်ပိတ်မိနေသည့် မင်းအောင်လှိုင်

မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး ငါးနှစ်အကြာ၌ ဟန်ပြရွေးကောက်ပွဲများ ကျင်းပ၍ သမ္မတအဖြစ် ပြောင်းလဲကာ တရားဝင်မှု ရရှိရန် ကြိုးပမ်းခဲ့သော်လည်း၊ အာဆီယံ၏ ပြတ်သားသော သံတမန်ရေးရာ ပိတ်ဆို့မှုကြောင့် ကျရှုံးခဲ့ရသည်။ အာဆီယံ၏ အထူးသံတမန်ကို ငြင်းပယ်ပြီး ရန်လိုသော ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းသည် အင်အားရှိကြောင်း ပြသခြင်းမဟုတ်ဘဲ စစ်ကောင်စီ၏ အကျပ်ရိုက်မှုနှင့် သံတမန်ရေးအရ အထီးကျန်ဖြစ်လာမှုကိုသာ မီးမောင်းထိုးပြနေပါသည်။

Read in English

Read More

မြန်မာ့အရေး ပတ္တရားအစည်းအဝေး — ဘုံသဘောတူညီချက် ငါးရပ်ကို အသက်သွင်းခြင်းလား၊ စစ်အုပ်စုကို အသက်ရှူပေါက်ပေးခြင်းလား

ဤဆောင်းပါးသည် အာဆီယံကိုယ်စားလှယ်များနှင့် မြန်မာစစ်အုပ်စုတို့အကြား မကြာသေးမီက ပြုလုပ်ခဲ့သည့် ပတ္တရားအလွတ်သဘောအစည်းအဝေးကို ဝေဖန်ဆန်းစစ်ထားခြင်း ဖြစ်သည်။ အဆိုပါအစည်းအဝေးအား အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုတရပ်အဖြစ် ပုံဖော်ထားသော်လည်း လက်တွေ့တွင်မူ ထိုင်းနိုင်ငံ၏ နယ်စပ်နှင့် စီးပွားရေးအကျိုးစီးပွားများ၊ စစ်အုပ်စု၏ နိုင်ငံရေးတရားဝင်မှု ရရှိရေးကြိုးပမ်းမှုများနှင့် ငြိမ်းချမ်းရေးစီမံချက်ဟောင်းများ ရေရှည်တည်တံ့ရေး အစရှိသည့် ဆုံစည်းနေသော ကိုယ်ကျိုးစီးပွားများကိုသာ အဓိကအကျိုးပြုနေကြောင်း ထောက်ပြထားသည်။ စစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများကို လျှော့ချခြင်းမရှိ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းမရှိဘဲ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား တန်းတူရည်တူ ထည့်သွင်းဆွေးနွေးခြင်းမပြုဘဲ ထိတွေ့ဆက်ဆံနေခြင်းသည် အာဆီယံ၏ စုပေါင်းရပ်တည်ချက်ကို ထိခိုက်စေသည်ဟု စာရေးသူက သတိပေးထားသည်။ အနှစ်ချုပ်အားဖြင့် ဤကဲ့သို့ ခွဲထုတ်ဆက်ဆံသည့် သံတမန်ရေးနည်းလမ်းသည် ပဋိပက္ခကို ပြောင်းလဲစေနိုင်မည်မဟုတ်ဘဲ စစ်အုပ်စုအတွက် နိုင်ငံရေးအရ အသက်ရှူပေါက်ရစေမည့် နည်းဗျူဟာမြောက် အခွင့်အလမ်းတခုကိုသာ ဖန်တီးပေးရာရောက်ကြောင်း ကောက်ချက်ချထားသည်။

Read in English

Read More

အာဆီယံ၏ မြန်မာနိုင်ငံအရေး ဆောင်ရွက်မှုသည် ပြည်တွင်းရေးစွက်ဖက်မှု မဟုတ် - မြန်မာ့အရေးအား ကုလသမဂ္ဂနှင့် အာဆီယံ ပဋိညာဉ်စာချုပ်များပါ နိုင်ငံတကာဥပဒေများအရ ရှုမြင်သုံးသပ်ခြင်း

ဤဆောင်းပါးသည် အာဆီယံနှင့် ကုလသမဂ္ဂတို့၏ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုများသည် စစ်အုပ်စုက စွပ်စွဲသကဲ့သို့ "ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း" မဟုတ်ကြောင်း ဆွေးနွေးတင်ပြထားသည်။ အာဆီယံပဋိညာဉ်သည် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူနှင့် ဒေသတွင်း စုပေါင်းတာဝန်ယူမှုတို့ကို ဟန်ချက်ညီညီ ပြဌာန်းထားကြောင်း စာရေးသူက ထောက်ပြထားသည်။ အထူးသဖြင့် စစ်အုပ်စုကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်တွင် တော်လှန်ရေးအင်အားစုများ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် အတိအလင်း ပြဋ္ဌာန်းထားသည်။ ထို့ပြင် မြန်မာ့ပဋိပက္ခကြောင့် နယ်စပ်ဖြတ်ကျော် ဒုက္ခသည်ပြဿနာ၊ မူးယစ်ဆေးဝါးနှင့် ဆိုက်ဘာလိမ်လည်မှု ပြဿနာများ ဖြစ်ပေါ်လာသဖြင့် ဤအရေးသည် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ပြဿနာ ဖြစ်လာပြီး နိုင်ငံတကာဥပဒေအရ နိုင်ငံတကာအဖွဲ့အစည်းများက ကြားဝင်စေ့စပ်ရန် လုံလောက်သော တရားဝင်မှုကို ဖြစ်စေသည်ဟု စာရေးသူက သုံးသပ်ထားသည်။

Read in English

Read More