ICRC ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) သည် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့ပါသည်။ ဤအစီရင်ခံစာသည် အဆိုပါဖြစ်စဉ်၊ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်း၏ တုံ့ပြန်ချက်များနှင့် အဆက်ဆက်သော စစ်အစိုးရများ၏ ICRC နှင့် ဆက်ဆံရေး သမိုင်းစဉ်များကို ဆန်းစစ်ထားပြီး တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာမိသားစုအတွက် မဟာဗျူဟာမြောက် မူဝါဒအကြံပြုချက်များကို တင်ပြထားပါသည်။
မညီမျှသော ပေးဆပ်မှုများနှင့် လွဲမှားနေသော ဦးစားပေးများ
မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးသည် အရေးပါသော အတွင်းပိုင်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေကြသည့် တော်လှန်ရေးအင်အားစုများသည် အဖွဲ့အစည်းများ အချင်းချင်းအကြား ပြိုင်ဆိုင်မှုများနှင့် နယ်မြေအငြင်းပွားမှုများကြောင့် ပိုမို အကြပ်အတည်းတွေ့လာရသည်။ ဤသုံးသပ်ချက်သည် အတွင်းပိုင်း စိတ်ဝမ်းကွဲပြားမှုများနှင့် စစ်ကောင်စီ၏ သတင်းတု သတင်းမှားဖြန့်ဝေမှုများက တော်လှန်ရေး၏ မဟာဗျူဟာမြောက် အရှိန်အဟုန်ကို မည်သို့ ခြိမ်းခြောက်နေသည်ကို လေ့လာထားပြီး တော်လှန်ရေးကာလအတွင်း ညီညွတ်သော ဒီမိုကရေစီစံနှုန်းများကို လက်တွေ့ကျင့်သုံးရန် အရေးတကြီး လိုအပ်နေကြောင်း မီးမောင်းထိုးပြထားသည်။
မြန်မာ့အရေး ပတ္တရားအစည်းအဝေး — ဘုံသဘောတူညီချက် ငါးရပ်ကို အသက်သွင်းခြင်းလား၊ စစ်အုပ်စုကို အသက်ရှူပေါက်ပေးခြင်းလား
ဤဆောင်းပါးသည် အာဆီယံကိုယ်စားလှယ်များနှင့် မြန်မာစစ်အုပ်စုတို့အကြား မကြာသေးမီက ပြုလုပ်ခဲ့သည့် ပတ္တရားအလွတ်သဘောအစည်းအဝေးကို ဝေဖန်ဆန်းစစ်ထားခြင်း ဖြစ်သည်။ အဆိုပါအစည်းအဝေးအား အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုတရပ်အဖြစ် ပုံဖော်ထားသော်လည်း လက်တွေ့တွင်မူ ထိုင်းနိုင်ငံ၏ နယ်စပ်နှင့် စီးပွားရေးအကျိုးစီးပွားများ၊ စစ်အုပ်စု၏ နိုင်ငံရေးတရားဝင်မှု ရရှိရေးကြိုးပမ်းမှုများနှင့် ငြိမ်းချမ်းရေးစီမံချက်ဟောင်းများ ရေရှည်တည်တံ့ရေး အစရှိသည့် ဆုံစည်းနေသော ကိုယ်ကျိုးစီးပွားများကိုသာ အဓိကအကျိုးပြုနေကြောင်း ထောက်ပြထားသည်။ စစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများကို လျှော့ချခြင်းမရှိ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းမရှိဘဲ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား တန်းတူရည်တူ ထည့်သွင်းဆွေးနွေးခြင်းမပြုဘဲ ထိတွေ့ဆက်ဆံနေခြင်းသည် အာဆီယံ၏ စုပေါင်းရပ်တည်ချက်ကို ထိခိုက်စေသည်ဟု စာရေးသူက သတိပေးထားသည်။ အနှစ်ချုပ်အားဖြင့် ဤကဲ့သို့ ခွဲထုတ်ဆက်ဆံသည့် သံတမန်ရေးနည်းလမ်းသည် ပဋိပက္ခကို ပြောင်းလဲစေနိုင်မည်မဟုတ်ဘဲ စစ်အုပ်စုအတွက် နိုင်ငံရေးအရ အသက်ရှူပေါက်ရစေမည့် နည်းဗျူဟာမြောက် အခွင့်အလမ်းတခုကိုသာ ဖန်တီးပေးရာရောက်ကြောင်း ကောက်ချက်ချထားသည်။
အာဆီယံ၏ မြန်မာနိုင်ငံအရေး ဆောင်ရွက်မှုသည် ပြည်တွင်းရေးစွက်ဖက်မှု မဟုတ် - မြန်မာ့အရေးအား ကုလသမဂ္ဂနှင့် အာဆီယံ ပဋိညာဉ်စာချုပ်များပါ နိုင်ငံတကာဥပဒေများအရ ရှုမြင်သုံးသပ်ခြင်း
ဤဆောင်းပါးသည် အာဆီယံနှင့် ကုလသမဂ္ဂတို့၏ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုများသည် စစ်အုပ်စုက စွပ်စွဲသကဲ့သို့ "ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း" မဟုတ်ကြောင်း ဆွေးနွေးတင်ပြထားသည်။ အာဆီယံပဋိညာဉ်သည် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူနှင့် ဒေသတွင်း စုပေါင်းတာဝန်ယူမှုတို့ကို ဟန်ချက်ညီညီ ပြဌာန်းထားကြောင်း စာရေးသူက ထောက်ပြထားသည်။ အထူးသဖြင့် စစ်အုပ်စုကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်တွင် တော်လှန်ရေးအင်အားစုများ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် အတိအလင်း ပြဋ္ဌာန်းထားသည်။ ထို့ပြင် မြန်မာ့ပဋိပက္ခကြောင့် နယ်စပ်ဖြတ်ကျော် ဒုက္ခသည်ပြဿနာ၊ မူးယစ်ဆေးဝါးနှင့် ဆိုက်ဘာလိမ်လည်မှု ပြဿနာများ ဖြစ်ပေါ်လာသဖြင့် ဤအရေးသည် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ပြဿနာ ဖြစ်လာပြီး နိုင်ငံတကာဥပဒေအရ နိုင်ငံတကာအဖွဲ့အစည်းများက ကြားဝင်စေ့စပ်ရန် လုံလောက်သော တရားဝင်မှုကို ဖြစ်စေသည်ဟု စာရေးသူက သုံးသပ်ထားသည်။
သူခိုးကို ဘဏ္ဍာစိုးခန့်ခြင်း
ဆိုက်ဘာငွေလိမ်လည်မှုစခန်းများကို အမြစ်ပြတ်ချေမှုန်းရန် မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်အစိုးရ၏ ကြံစည်မှုသည် အန္တရာယ်ရှိသော သမိုင်းအမှားတခုကို ထပ်မံကျူးလွန်ခြင်း ဖြစ်သည်။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များက ဝါရှင်တန်သည် ဘိန်းထုတ်လုပ်မှု တိုက်ဖျက်ရေးအတွက် စစ်အစိုးရနှင့် လက်တွဲခဲ့သော်လည်း၊ စစ်တပ်က ငွေကြေးသန်းပေါင်းများစွာကို ကိုယ်ကျိုးအတွက် အသုံးချကာ နိုင်ငံရေးအတိုက်အခံများကို နှိမ်နင်းခဲ့သည့် အပြင်၊ မူးယစ်ဆေးဝါးလုပ်ငန်းများ ကို ဆက်လက်ထွန်းကားစေပြီး ဘိန်းဘုရင်များကို တရားဝင်မှုပေးခဲ့သည်။ စစ်အုပ်စုသည် ယနေ့ခေတ်တွင်လည်း ငွေလိမ်လည်မှုလုပ်ငန်းများမှ ရရှိသော ဝင်ငွေအပေါ် များစွာမှီခိုနေရသည်။ ၎င်းတို့နှင့် ပူးပေါင်းခြင်းသည် ရာဇဝတ်ကောင်များအား သူတို့နှင့် မထိုက်တန်သော နိုင်ငံတကာတရားဝင်မှုကို ပေးအပ်လိုက်ခြင်း ဖြစ်ပြီး၊ အမေရိကန်အခွန်ထမ်း ပြည်သူများ၏ ဥစ္စာဓနကို ခိုးယူနေသည့် သူခိုး၏ လက်သို့ ဒါးရိုးကမ်းရာ ရောက်နေပါသည်။
သမိုင်းကို ဖယ်ရှား၍ မရသောအခါ
မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် အာဏာရှင်များ၏ ထင်ရှားသော လက္ခဏာတခုမှာ လက်ရှိအာဏာကို ခိုင်မာစေရန်အတွက် သမိုင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ သို့သော် သမိုင်းဆိုသည်မှာ အဆောက်အဦးတခု၊ ရုပ်တုတခု၊ အလံတခု သို့မဟုတ် ဆိုင်းဘုတ်တခုမျှ မဟုတ်ဘဲ လူထု၏ စုပေါင်းမှတ်ဉာဏ်၊ နိုင်ငံရေးအတွေ့အကြုံနှင့် မျိုးဆက်များအကြား လက်ဆင့်ကမ်းလာသော အမှတ်တရများ၏ ပေါင်းစည်းမှုဖြစ်သည်။
စစ်ဗိုလ်ချုပ်များကို ပံ့ပိုးခြင်း - မြန်မာ့အိမ်နီးချင်းနိုင်ငံများက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မည်သို့ ကူညီနေသနည်း
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်အုပ်စု ရှင်သန်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြည်သူလူထုက ၎င်းတို့အား တရားဝင်မှု ပေးခြင်းကြောင့် မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများက စီးပွားရေးအရ အသက်ဆက်ပေးမှုနှင့် နိုင်ငံရေးအရ လိုက်လျောမှုများကြောင့်သာ ဖြစ်သည်။ မီးရှို့ခံရသော ရွာတိုင်း၊ ဗုံးကြဲခံရသော ကျောင်းတိုင်းနှင့် သတ်ဖြတ်ခံရသော အရပ်သားတိုင်းသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု ရလဒ်များသာ မဟုတ်၊ စစ်အုပ်စုနှင့် ဆက်လက်၍ စီးပွားရေး ဆောင်ရွက်နေကြသည့် အစိုးရများနှင့် ကုမ္ပဏီများ၏ ပံ့ပိုးမှုကြောင့်လည်း ပါဝင်သည်။
ဒရုန်းလက်နက်ပြိုင်ပွဲ - အီလက်ထရောနစ်စစ်ဆင်ရေးနှင့် FPV ဒရုန်းများ၏ ဆန်းသစ်ပြောင်းလဲမှု
မိတ်ဆက် ။ ။ မြန်မာစစ်တပ်သည် အဆင့်မြင့် အီလက်ထရောနစ် စစ်ဆင်ရေးနည်းပညာများနှင့် နိုင်ငံခြားဖြစ် အလိုအလျောက် ပစ်မှတ်ရှာ ဗုံးကြဲဒရုန်းများကို ပေါင်းစပ်အသုံးပြုလာသည်နှင့်အမျှ၊ တစ်ချိန်က တော်လှန်ရေးအင်အားစုများ အသာစီးရခဲ့သော ဝေဟင်စိုးမိုးမှုမှာ ယခုအခါ ခေတ်မီဆန်းသစ်သည့် နည်းပညာမြင့် တန်ပြန်ထိုးစစ်များနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
အထူးပြုချက် ။ ။ ဤသုံးသပ်ချက်တွင် ၂၀၂၆ ခုနှစ်၏ “နည်းပညာဆိုင်ရာ အလှည့်အပြောင်း” ကို လေ့လာတင်ပြထားပြီး၊ နိုင်ငံတကာမှ တင်သွင်းလာသော လိုင်းနှောင့်ယှက်ရေး (jamming) နည်းပညာများက တော်လှန်ရေးအင်အားစုများ၏ ဒရုန်းများကို မည်သို့ အားနည်းသွားစေသည်ကို အသေးစိတ်ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် နှစ်ဖက်စလုံးက တိကျသေချာသော FPV (First-Person View) အသေခံဒရုန်း (kamikaze) တိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့် အသုံးပြုလာမှုကို ဆန်းစစ်ထားသည်။